Thursday, 21 November, 2019

Game ကိုပဲ အားကျိုးမာန်တက် ဆော့တတ်တဲ့ သရုပ်ဆောင်စိုးမြတ်သူဇာကတော့ ပိုင်ဖြိုးသုနဲ့ ဇဏ်ခီတို့ရဲ့ သရုပ်ဆောင်မှုတွေအောက်မှာ ငိုခဲ့ရတယ်လို့ ဆိုပါတယ်။


image
ဟိန်းဝေယံနဲ့ တွဲပြီး အနုပညာလှုပ်ရှားမှုတွေမြင်ရဦးမယ့် စိုးပြည့်သဇင်
image
အသက် ၂၇ နှစ်ပြည့်ပြီဖြစ်တဲ့ စိုးပြည့်သဇင်

Photo: Paing Phyo Thu

စိုးမြတ်သူဇာကတော့ Now Ever ရုပ်ရှင်ဇာတ်ကားကြီးကို အားပေးရင်း သူ့ရဲ့ ခံစားချက်တွေ ရင်ဖွင့်ပြောပြလာပါတယ်။ ကိုယ်တိုင်လည်း မျက်ရည်ကျခဲ့ရတဲ့ ဇာတ်ကားဖြစ်တယ်လို့ ဆိုပါတယ်။

‘’ဇာတ်လမ်းထဲမှာ မင်းသားဆေးရုံက ဆင်းလာပြီး အိမ်မှာ သူငယ်ချင်းတွေနဲ့ ညစာစားတော့ မင်းသား နဲ့ မင်းသမီး တစ်ယာက်နဲ့ တစ်ယာက် အပြန်အလှန် ကြည့်နေတဲ့ အခန်း ၊ သူတို့ မျက်လုံးတွေထဲ မှာ စကားတွေအများကြီး ပြောကြတယ်။ စိုးမြတ်သူဇာ မှာတော့ ။ အိမ်မှာ legendရောက်အောင် အားကျိုးမန်တက် ဂိမ်းကစားနေတာ အကောင်းအခုတော့ ရုံထဲက ထွက်လာတာ မျက်ရည်နဲ့ မျက်ခွက်။ သို့သော် မကြီး ငို ရတဲ့ အတွက် ဒီရုပ်ရှင် ဖန်တီးသူအားလုံး ပါဝင်သူ အားလုံး ကိုအထူး လေးစား မိပါတယ် လို့ သုသုရေ ချစ်တယ် နော်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့ မနက် ၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Khine Thin Kyi

Now Ever ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့က စပြီးမြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့သရုပ်ဆောင် ဇဏ်ခီကိုယ်တိုင် ဇာတ်ညွှန်းရေးဖွဲ့ထားတာပါ။ ဒါရိုက်တာ ခရစ္စတီးနားခီက ရုပ်ရှင်ကားကြီးအဖြစ် ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိက ဇာတ်ဆောင်တွေအနေနဲ့ ဇဏ်ခီနဲ့ ပိုင်ဖြိုးသု တို့က ပါဝင်သရုပ်ဆောင်ခဲ့ကြတာပါ။

Photo: Soe Myat Thu Zar

စိုးမြတ်သူဇာရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ လက်ရှိအချိန်အထိ ပရိသတ်အခိုင်အမာ ရရှိထားသူ တစ်ယောက်ပါ။ အနုပညာလောကထဲကိုတော့ ‘’ ဆုံရပ် ကန္တာရဝတီ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်း ရိုက်ကူးရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာဖြစ်ပါတယ်။ ဒါကတော့ သူမအတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးပါ။ အဲဒီနောက် ၁၉၉၄ ခုနှစ်မှာ ‘’နော်ရင်မွှေး’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ

0 comments on “Game ကိုပဲ အားကျိုးမာန်တက် ဆော့တတ်တဲ့ သရုပ်ဆောင်စိုးမြတ်သူဇာကတော့ ပိုင်ဖြိုးသုနဲ့ ဇဏ်ခီတို့ရဲ့ သရုပ်ဆောင်မှုတွေအောက်မှာ ငိုခဲ့ရတယ်လို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Site Statistics

  • Users online: 1 
  • Visitors today : 142
  • Page views today : 326
  • Total visitors : 215,998
  • Total page view: 519,168