Thursday, 21 November, 2019

ရှင်မွေလဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အဓိက ဇာတ်ဆောင်မဟုတ်ရင်တောင်မှ ဘယ်လိုကာရိုက်တာမဆို ပါဝင်သရုပ်ဆောင်ချင်သူပါတဲ့။ သူ့ကို ကမ်းလှမ်းလာတဲ့ ကာရိုက်တာတိုင်းကို အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်လို့သူကပြောပါတယ်။


image
ဇာတ်ကားမရိုက်တာ ၁၁ နှစ်အကြာမှာ အနုပညာအလုပ်တွေ ပြန်လုပ်လာတဲ့ မင်းထက်ကျော်ဇင်
image
ပြိုင်ပွဲဝင်ခဲ့တုန်းက အချိန်တွေကို သတိရတယ်ဆိုတဲ့ ဖြိုးမြတ်အောင်

Photo: Shin Mwe La

ရှင်မွေလ ကတော့အနုပညာအလုပ်ကို အရမ်းရူးသွပ်သူ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုချိန်မှာ ဇာတ်လမ်းတွဲမင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေ သိလာကြပါပြီ။ အနုပညာအလုပ်အပေါ်ထားတဲ့ ရည်မှန်းချက်ကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော်ကိုယ်တိုင်က သရုပ်ဆောင်နေရတာကိုက ဝါသနာပါတာပါ။ သရုပ်ဆောင်နေရမယ်ဆိုရင် ဘယ်လို ကာရိုက်တာပဲဖြစ်စေ၊ ခေါင်းဆောင်မင်းသားပဲဖြစ်ဖြစ်၊ ခေါင်းဆောင်မဟုတ်တဲ့နေရာကပဲဖြစ်ဖြစ် အဓိက က ကျွန်တော် သရုပ်ဆောင်နေရရင်ကျေနပ်တယ်။ တော်တော်များများ သရုပ်ဆောင်သူငယ်ချင်းတွေမှာလည်း အဲဒီလို စိတ်တွေရှိမယ်လို့ထင်တယ်။ ကျွန်တော်တို့ကတော့ ခေါင်းဆောင်မင်းသားနေရာလည်းရိုက်တယ်၊ Second မင်းသားနေရာနဲ့လည်းရိုက်တယ်။ အလှည့်နဲ့ရိုက်နေကြတာပါပဲ’’ လို့ သူကဆိုပါတယ်။

Photo: Shin Mwe La

သူ့ကိုတော့ ဇာတ်လမ်းတွဲမင်းသားလေးအဖြစ် ပရိသတ်က အသိအမှတ်ပြုထားကြပါတယ်။ ပရိသတ်များစွာတို့ရဲ့ အချစ်ကို ပိုင်ဆိုင်ထားပေမယ့်လည်း သရုပ်ဆောင်ရမယ့် ကာရိုက်တာပုံစံတွေကို ရွေးချယ်တာမျိုးတွေ မလုပ်ဘူးလို့ ရှင်မွေလ ကပြောပါတယ်။

‘’ ကိုယ်နဲ့လိုက်ဖက်လို့ရောက်လာတဲ့ ကာရိုက်တာ တစ်ခုက ဇာတ်ပို့ အနေနဲ့ဖြစ်ချင်ဖြစ်မယ်၊ ဒုတိယမင်းသားနေရာဖြစ်ချင်လည်းဖြစ်မယ်ဆိုတော့ ကိုယ်နဲ့ လိုက်ဖက်လို့ ရောက်လာတဲ့ ကာရိုက်တာ တစ်ခုကို အကောင်းဆုံးပဲ ကြိုးစားပြင်ဆင်ပါတယ်။ နိုင်ငံခြားမှာဆိုရင်လည်း လိုက်ဖက်တဲ့ ကာရိုက်တာ တစ်ခုကို ခေါင်းဆောင်မင်းသားမှ မဟုတ်ဘူး အကုန်လုံး ပတ်ရိုက်နေကြတာပါပဲ။ ဒါကလည်း ကျွန်တော့်အပိုင်းပါ။ သူများတွေကလည်း သူတို့တွေးချင်သလို တွေးမိမှာပေါ့လေ’’ဆိုပြီးတော့ အောက်တိုဘာလ ၁၆ ရက်နေ့က ‘’အကြင်နာ မြစ်ဖျား’’ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကိုတက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: Shin Mwe La

အနုပညာလောကထဲကို ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးရင်း ရောက်ရှိလာတဲ့ သူတစ်ယောက်ပါလို့ ရှင်မွေလက ပြောပါတယ်။ ဒါပေမယ့် သူဖြတ်သန်းလာတဲ့ အနုပညာသက်တမ်းတိုလေးအတွင်းမှာတော့ နှိမ့်ချဆက်ဆံခံရတာမျိုးတွေ မကြုံခဲ့ရဖူးဘူးလို့လည်း ပြောပါတယ်။

‘’ တစ်ယောက်နဲ့ တစ်ယောက်နှိမ့်ချတတ်တာမျိုးတွေကတော့ ကျွန်တော်လည်း ကြားဖူးပါတယ်။ ဒီကောင်ကတော့ ဇာတ်လမ်းတွဲမင်းသားဖြစ်လို့၊ ဒီကောင်ကတော့ ဇာတ်ပို့ဖြစ်လို့ ဘယ်သူကတော့ အဓိက သရုပ်ဆောင် ဆိုပြီး ခွဲခြားဆက်ဆံတာမျိုးမရှိဘူး။ အနုပညာအသိုင်းအဝိုင်းက လူတွေက အပြင်မှာဆုံကြရင် တစ်စုတစ်စည်းတည်း ချစ်ချစ်ခင်ခင်နေကြပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: NTG

ရှင်မွေလ ကို ပရိသတ် သိစေခဲ့တဲ့ ကာရိုက်တွေကတော့ ကျိန်စာပြယ် ဒဏ္ဍာရီ ဇာတ်လမ်းတွဲထဲက “ သော်သော်စစ် ”၊ ပျားရည်အိုင် ဇာတ်လမ်းတွဲထဲက “ ဖေမြိုင် ”၊ နှင်းဆီဇာတ်လမ်းတွဲထဲက “ ဇော် ”၊ တတိယမြောက်ဆုံမှတ် ဇာတ်လမ်းတွဲထဲက “ စွမ်းရည် ” စတဲ့ ကာရိုက်တာတွေဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားကြီး၊ ဗီဒီယို ဇာတ်ကားတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။ အဲဒီနောက် တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရသူပါ။ သူ့ကို အားပေးတဲ့ ပရိသတ်တွေထဲမှာတော့ မိန်းကလေးပရိသတ်က ပိုများပါတယ်။

0 comments on “ရှင်မွေလဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အဓိက ဇာတ်ဆောင်မဟုတ်ရင်တောင်မှ ဘယ်လိုကာရိုက်တာမဆို ပါဝင်သရုပ်ဆောင်ချင်သူပါတဲ့။ သူ့ကို ကမ်းလှမ်းလာတဲ့ ကာရိုက်တာတိုင်းကို အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်လို့သူကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Site Statistics

  • Users online: 0 
  • Visitors today : 150
  • Page views today : 335
  • Total visitors : 216,006
  • Total page view: 519,177