Thursday, 21 November, 2019

အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သားလေးကတော့ ရက်(၁၀၀) ပြည့်လို့သွားပါပြီ။


သားလေးနာမည်ကို မောင်သွင်ဦးဟန်လို့ ပေးထားပါတယ်။

သရုပ်ဆောင် ပိုးအိအိခန့်နဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား အောင်သူတို့ရဲ့ သားဦးလေးရဲ့ ရက်(၁၀၀) ပြည့် မွေးနေ့အလှူကို ဒီနေ့(အောက်တိုဘာ၃၀ရက်)နံနက်ပိုင်းက (၈)မိုင်မှာရှိတဲ့ ပေါက်စေတီကျော င်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ သားလေးရဲ့ မွေးနေ့အလှူကို အနုပညာအသိုင်းအဝိုင်းက သူတွေများစွာ တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါတယ်။ သားလေးရဲ့ နာမည်ကိုလည်း မောင်သွင်ဦးဟန်ဆိုပြီး နာမည်ပေးထားတာ တွေ့ရပါတယ်။

ပိုးအိအိခန့်ကတော့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ သားလေးကို ဇူလိုင်လ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ပိုးအိအိခန့်ရဲ့ခင်ပွန်းဖြစ်သူ အောင်သူကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ မြောင်တောင် ယူနိုက်တက် ဘောလုံးအသင်းမှာ ပါဝင်ကစားနေရတာဖြစ်ပါတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ ၂၀၁၉ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။

တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်လို့ လက်ထပ်ခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ်။

Game ကစားရင်းနဲ့ ချစ်သူတွေ ဖြစ်သွားကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဖူးစာကလည်း ဆန်းကြယ်လွန်းပါတယ်။

အောင်သူဟာ မြန်မာ့ဂုဏ်ဆောင် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး မိန်းကလေး ပရိသတ်များရဲ့ အားပေးမှု ရရှိထားသူ ဖြစ်သလို ပိုးအိအိခန့်ဟာလည်း ယောကျ်ားလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့ဟာ သူတို့ နှစ်ဦး အတွက် အိမ်ထောင်သက်တမ်း ၁ နှစ်ပြည့်ပြီးခဲ့တာဖြစ်ပါတယ်။

0 comments on “အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့ သားလေးကတော့ ရက်(၁၀၀) ပြည့်လို့သွားပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *

Site Statistics

  • Users online: 3 
  • Visitors today : 164
  • Page views today : 359
  • Total visitors : 216,020
  • Total page view: 519,201