Thursday, 21 November, 2019

“ႏွေျမာလိုက္တာလို႔ ေတြးမိတဲ့အခ်ိန္မွာ သိပ္ေနာက္က်သြားျပီ”


“ႏွေျမာလိုက္တာလို႔ ေတြးမိတဲ့အခ်ိန္မွာ သိပ္ေနာက္က်သြားျပီ”

ဘဝကို ေနာက္ဆုံးအခ်ိန္ထိ အဓိပၸာယ္ရွိရွိ တန္ဖိုးရွိရွိ

ဘယ္လိုေနရမယ္ဆိုတာ သိဖို႔လိုတယ္..

အဲ့ဒီလို မသိလို႔ရွိရင္ အသက္ႀကီးသြားတဲ့အခါ

ၾကာေလ အသုံးမက်ေလ ျဖစ္လာတယ္..

ဘယ္ဟာအေရးအႀကီးဆုံးလဲဆိုတာ သိဖို႔အင္မတန္လိုတယ္ေနာ္..

အေရးမႀကီးတာေတြဟာ အေရးႀကီးသေယာင္ေယာင္နဲ႔

ကိုယ့္ဘဝထဲက အခ်ိန္ေတြအကုန္လုံးကို ယူသြားေနတာ

အခ်ိန္က မက်န္ေတာ့ဘူး..

တစ္ကယ္အေရးအႀကီးဆုံးအလုပ္ကို လုပ္ျဖစ္ဖို႔ အခ်ိန္သိပ္နည္းေနတယ္..

ေနာက္ဆုံးေသခါနီးမွာ ကိုယ့္ဘဝကို ကိုယ္ေနာက္ေၾကာင္းျပန္ျပီးေတာ့ စာရင္းခ်ဳပ္လိုက္မယ္ ဆိုပါေတာ့-

“ငါ ဘာေတြလုပ္ခဲ့သလဲ?”

“ဘယ္သူ႔အတြက္ လုပ္ခဲ့သလဲ?”

“ငါ လုပ္ခဲ့သမ်ွအားလုံးဟာ သူမ်ားဖို႔ပဲ”

“သူမ်ားအထင္ႀကီးဖို႔ ငါ႔ဘဝကို ငါေနေပးခဲ့တာ”

“ငါ တစ္ကယ္လုပ္ခ်င္တဲ့အလုပ္ကို မလုပ္ရေသးဘူး”

“သူမ်ားထက္ သာဖို႔ႀကိဳးစားေနရတာနဲ႔ပဲ ငါ႔ဘဝကိုငါ အဓိပၸာယ္ရွိရွိမေနခဲ့ရဘူး””ႏွေျမာလိုက္တာ” လို႔ ေတြးမိရင္ သိပ္ေနာက္က်သြားၿပီ….။

ဆရာေတာ္ဦးေဇာတိက(မဟာျမိဳင္ေတာရ)

ေစတနာေမတၱာအရင္းခံျဖင့္ မ်ွေဝပူေဇာ္သည္..

Unicode >>>

“နှမြောလိုက်တာလို့ တွေးမိတဲ့အချိန်မှာ သိပ်နောက်ကျသွားပြီ”

ဘဝကို နောက်ဆုံးအချိန်ထိ အဓိပ္ပာယ်ရှိရှိ တန်ဖိုးရှိရှိ

ဘယ်လိုနေရမယ်ဆိုတာ သိဖို့လိုတယ်..

အဲ့ဒီလို မသိလို့ရှိရင် အသက်ကြီးသွားတဲ့အခါ

ကြာလေ အသုံးမကျလေ ဖြစ်လာတယ်..

ဘယ်ဟာအရေးအကြီးဆုံးလဲဆိုတာ သိဖို့အင်မတန်လိုတယ်နော်..

အရေးမကြီးတာတွေဟာ အရေးကြီးသယောင်ယောင်နဲ့

ကိုယ့်ဘဝထဲက အချိန်တွေအကုန်လုံးကို ယူသွားနေတာ

အချိန်က မကျန်တော့ဘူး..

တစ်ကယ်အရေးအကြီးဆုံးအလုပ်ကို လုပ်ဖြစ်ဖို့ အချိန်သိပ်နည်းနေတယ်..

နောက်ဆုံးသေခါနီးမှာ ကိုယ့်ဘဝကို ကိုယ်နောက်ကြောင်းပြန်ပြီးတော့ စာရင်းချုပ်လိုက်မယ် ဆိုပါတော့-

“ငါ ဘာတွေလုပ်ခဲ့သလဲ?”

“ဘယ်သူ့အတွက် လုပ်ခဲ့သလဲ?”

“ငါ လုပ်ခဲ့သမျှအားလုံးဟာ သူများဖို့ပဲ”

“သူများအထင်ကြီးဖို့ ငါ့ဘဝကို ငါနေပေးခဲ့တာ”

“ငါ တစ်ကယ်လုပ်ချင်တဲ့အလုပ်ကို မလုပ်ရသေးဘူး”

“သူများထက် သာဖို့ကြိုးစားနေရတာနဲ့ပဲ ငါ့ဘဝကိုငါ အဓိပ္ပာယ်ရှိရှိမနေခဲ့ရဘူး””နှမြောလိုက်တာ” လို့ တွေးမိရင် သိပ်နောက်ကျသွားပြီ….။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်သည်..

0 comments on ““ႏွေျမာလိုက္တာလို႔ ေတြးမိတဲ့အခ်ိန္မွာ သိပ္ေနာက္က်သြားျပီ”

Leave a Reply

Your email address will not be published. Required fields are marked *

Site Statistics

  • Users online: 0 
  • Visitors today : 145
  • Page views today : 329
  • Total visitors : 216,001
  • Total page view: 519,171