Thursday, 21 November, 2019

လူချင်းတူပေမယ့် ကံချင်းမတူကျတဲ့အခါမှာ


လူချင်းတူပေမယ့် ကံချင်းမတူကျတဲ့အခါမှာ

လူချင်းတူပေမယ့်

ကံချင်းမတူကျတဲ့အခါမှာ

ရပိုင်ခွင့်တွေဟာလည်း

မညီမမျှ ဖြစ်တတ်တယ်။

သူ့ကံနဲ့ ကိုယ့်ကံယှဉ်ကြည့်လို့

ပစ္စုပ္ပန်ကံချင်း တူနေရင်တောင်မှ

အတိတ်ကံ အားကောင်းခဲ့တဲ့လူက

ရပိုင်ခွင့် ပိုအားကောင်းတယ်။

သူကတော့ ဒီလောက်ကြီးရတယ်။

ငါကတော့ ဒီလောက်လေးရတယ်။

သူကတော့ ဦးစားပေးခံရတယ်။

ငါကတော့ နောက်ချန်ခံရတယ်။

ဒီလိုအတွေးတွေနဲ့ ကိုယ့်ကိုယ်ကို

လူတိုင်းနဲ့လိုက်ပြီး တန်းညှိမနေပါနဲ့။

တစ်ခါတလေမှာ လူတွေဟာ ကိုယ့်ကိုယ်ကို အခြားလူနဲ့ယှဉ်ပြီး စိတ်ကြီးဝင်နေတတ်ကြသလို

တစ်ခါတလေကျတော့လည်း

စိတ်အားငယ်နေတတ်ပြန်ရော…

နည်းသည်ဖြစ်စေ များသည်ဖြစ်စေ …

ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ …

ကိုယ့်ရဲ့ကံဆိုတာ ကိုယ်ရသင့်

ရထိုက်လို့ ရလာတဲ့အမွေတစ်ခုပါ။

အခြားလူရဲ့…

အရောင်တောက်ပမှုတွေ

ကြောင့်တော့

ကိုယ့်စိတ်ကို အပူအဟပ် မခံချင်ပါနဲ့။

သူ့လို အရောင်တောက်ချင်ရင်တော့

ကိုယ့်ကံကို …

ပြောင်အောင် တိုက်ချွတ် ဆေးကြောပေးရုံပဲ ရှိတာပါ။

ဇိနပုတ္တ

လူချင်းတူပေမယ့်



မညီမမျှ ဖြစ်တတ်တယ်။












တစ်ခါတလေကျတော့လည်း






အခြားလူရဲ့…

အရောင်တောက်ပမှုတွေ

ကြောင့်တော့



ကိုယ့်ကံကို …


ဇိနပုတ္တ

0 comments on “လူချင်းတူပေမယ့် ကံချင်းမတူကျတဲ့အခါမှာ

Leave a Reply

Your email address will not be published. Required fields are marked *

Site Statistics

  • Users online: 0 
  • Visitors today : 140
  • Page views today : 324
  • Total visitors : 215,996
  • Total page view: 519,166