Thursday, 21 November, 2019

စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ ယူထားလိုက်ပါ သမီးလေး


စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ ယူထားလိုက်ပါ မိတ်ဆွေ

လိုချင်တာတွေများနေရင် _ရင်မောရတတ်တယ်..

ဖြစ်ချင်တာတွေများနေရင် _စိုးရိမ်နေရတတ်တယ်..

မျှော်လင့်တာတွေများနေရင် _ပူပန်နေရတတ်တယ်..

မလိုအပ်တဲ့အရာတွေကိုလည်း_ မခင်တွယ်မိစေနဲ့..

စိုးရိမ်သောကတွေကိုလည်း_ လိုအပ်တာထက်မပိုနဲ့..

မဖြစ်သေးတဲ့ကိစ္စကိုတွေးပြီး_ သောကမရောက်ပါနဲ့.

လောကဓံဆိုတာ…

မလိုချင်တာတွေလည်း_ ရလာတတ်တယ်…

မဖြစ်ချင်တာတွေလည်း_ ဖြစ်လာတတ်တယ်..

မမျှော်လင့်တာတွေလည်း_ ကြုံလာရတတ်တယ်….။

ကိုယ်လိုချင်တာတွေမရလို့လည်း_ စိတ်ညစ်မနေပါနဲ့”

ကိုယ်မလိုချင်တာတွေရပြီး စိတ်ညစ်နေရတဲ့သူတွေလောကြီးမှာ ဒုနဲ့ဒေးရှိနေပါတယ်….။

”အတိတ်ကရခဲ့တဲ့ နာကျင်စရာတွေကို မေ့လိုက်ပါ”

ဒါပေမဲ့ အဲ့ဒီကရလိုက်တဲ့ သင်ခန်းစာတွေကိုတော့ ဘယ်တော့မ မေ့မပစ်လိုက်ပါနဲ့….။

”ရင့်ကျတ်မှုတွေရဖို့ မျက်ရည်တွေနဲ့ ရင်းခဲ့ရတယ်”..

”ခွင့်လွှတ်တတ်ဖို့ သည်းခံစိတ်တွေ မွေးခဲ့ရတယ်”..

”နာလည်ပေးဖို့ ဒေါသတွေ လျှော့ခဲ့ရတယ်”..

”အဆင်ပြေသွားဖြို့ဖစ်ချင်တာတွေ စွန့်လွှတ်ခဲ့ရလို့ပါ”.

လူ့ဘဝ လူ့သက်တမ်းဆိုတာက..

ဖိနပ်တစ်ရံလိုပါပဲ ရုပ်ဝတ္တူတွေနောက် လိုက်ရင်း_

ပျော်ရွှင်မှုတွေဆီလျှောက်ရင်း_

ပါးလျကုန်ကျရတာလေ….

ဘဝဟာတိုတိုလေးမို့ အမုန်းတရားတွေနဲ့ အချိန်ကုန်မခံပါနဲ့…..။

ပြောချင်တာက…

လောကဓံဆိုတာ လူတိုင်းကြုံနေရတာပါ..

အောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့ပေါ့..

ဘယ်သူမှ တသမတ်တည်း မရှိနိုင်ပါဘူး..။

ဒါဟာ သဘာဝပါပဲ…။

သဘာဝရဲ့ တခဏကို ထာဝရလို့ မထင်လိုက်ပါနဲ့လို့ပြောလိုက်ပါရစေ..။

credit: original uploader








လောကဓံဆိုတာ…















ပါးလျကုန်ကျရတာလေ….


ပြောချင်တာက…




ဒါဟာ သဘာဝပါပဲ…။



0 comments on “စိတ်ဓာတ်ကျတိုင်းဖတ်ဖို့ ယူထားလိုက်ပါ သမီးလေး

Leave a Reply

Your email address will not be published. Required fields are marked *

Site Statistics

  • Users online: 1 
  • Visitors today : 142
  • Page views today : 326
  • Total visitors : 215,998
  • Total page view: 519,168